Smartphones လောကမှာ Google ကထုတ်လုပ်လိုက်တဲ့ Android OS သုံး ဖုန်းတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အခါ APPLE ကလည်း သူ၏ ဈေးကွက် မကျဆင်းအောင် အရွယ်သေးပြီး ဈေးနှုန်း ချိုသာတဲ့ iPhone များကိုထုတ်လုပ်ပါတော့မယ်။
ဒီနှစ် အလယ် ပိုင်းလောက် ဈေးကွက်ထဲ စတင်ဖြန့်ဖြူးမယ်လို ကြားသိ ရပါတယ် အတိ အကျတော့ မသိရသေးပါဘူး။
APPLE ရဲ့  အဓိက ရည်ရွယ် ချက် က တော့ ဈေးကွက်တွင်း ရှိနေတဲ့ Android OS သုံး SmartPhones များရဲ့ ဈေးနှုန်းချိုသာမူကို ပြိုင်ဆိုင်မှာဖြစ်ပါတယ်။
အရွယ်အစား ကတော့ ယခုလက်ရှိ iPone 4 ထက် တဝက် ငယ်မယ်လို့ နမူနာပုံစံ (prototype) မှာတွေ့ရပါတယ်။
An Apple Inc. iPhone 4
sits on top of iPhone boxes.
Photographer: George Frey/Bloomberg
The Wall Street Journal ရဲ့  အဆိုအရ iPhone nano ဟာ တကယ်ကို ပေါ့ပါးမယ် edge-to-edge screen ဖြစ်မယ် voice-based navigation တွေ ပါလာမယ် လို့ပြောထားပါတယ်။
"mini" iPhone or iPhone Nano တွေက Dual-core processor တွေ ပါလာနိုင်ပြီး international GSM network (နိုင်ငံတကာ GSM ကွန်ရက်)တွေမှာပါ အသုံးပြုနိုင်အောင် စီစဉ်ထားမယ်လို့ သိရပါတယ်။
APPLE ရဲ့ နောက်ထပ် စိန်ခေါ်မူ အသစ်တရပ်နှင့် ရင်ဆိုင်ရဖွယ် ရှိတာကတော့ Nokia နှင့် Microsoft Corp တို့ ပူးပေါင်းပြီး smartphone များကို ထုတ်လုပ်မယ့် ကိစ္စဟာလည်း တစ်ခု အပါအ၀င်ဖြစ်ပါသည်။
နယူးယောက် အခြေစိုက် Needham & Co ကုမ္မဏီ၏ လေ့လာဆန်းစစ်သူ Charlie Wolf ကတော့ "လက်ရှိ ကမ္ဘာ မိုဘိုင်းဖုန်းဈေးကွက်၏ ၂၅ ရာခိုင်နှုန်း iPhone ဈေးကွက်ကို ဆက်လက်ထိုးဖောက်မည့် အစား ၁၀၀ ရာခိုင်နှုန်းလုံး ကို သိမ်းပိုက်သင့်တယ်" လို့ ပြောပြ ထားပါတယ်။