သာမန် HD TV များထက် ရုပ်ထွက်ကြည့်လင်ပြတ်သားမှု ၁၆ ဆ ပိုမို ကောင်းမွန်သော LG Ulltra HD TV ၏ ဈေးနှုန်းမှာ ပေါင်စတာလင် ၂၂,၅၀၀ ဖြစ်သည်။
အဆိုပါ TV ကြီးတွင် မိမိကြည့်ရှုလိုသော ရုပ်ရှင် ဇာတ်ကားများနှင့် TV အစီအစဉ်များကို ရွေးချယ် ကြည့်ရှု နိုင်မည့် application လည်း ပါဝင်သည်။ LG Ultra HD TV screen တွင် ပုံမှန် TV အစီ အစဉ်ထုတ်လွှင့်မှုများကို 3D အဖြစ် ပြောင်းလဲ ကြည့်ရှု နိုင်မည်ဖြစ်ပြီး 3D မျက်မှန် ၅ စုံပါရှိသည်။ ထို့အပြင် TV screen ကို ပိုင်းခြားပြီး တစ်ချိန် တည်းတွင် 3D ရုပ်ရှင်များ ကြည့်ရှုခြင်းနှင့် ဂိမ်း ဆော့ကစားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
From:http://www.planet.com.mm/း