ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေ ကစားကွင်း
Ferrari World လို့အမည်ရတဲ့ အပန်းဖြေ ကစားကွင်း ဖြစ်ပြီး ကမ္ဘာ့အကြီး ဆုံး အပန်းဖြေကစားကွင်းလို့လည်း စံချိန်တင်ထား ပါတယ်။
တည်နေရာကတော့ အာရပ်ဇော်ဘွားနိုင်ငံ၊ အဘူဒါဘီမြို့ က Yas ကျွန်းပေါ် မှာ ဖြစ်ပါတယ်။ အမိုးနဲ့တင် စုစုပေါင်း ဧရီယာက စတုရန်း၂သိန်းမီတာကျယ်ဝန်းပါတယ်။အမြင့်ပေ၁၆၄ပေဝန်းကျင်လောက်အမြင့်ကနေ ဖုံးအုပ်ထားပေးတာ ဖြစ်ပါတယ်။ အထဲမှာ တစ်နာရီ မိုင် ၁၅၀ ကျော်ပြေးတဲ့ ကမ္ဘာ့အမြန်ဆုံး ရိုလာကို စတာလည်း ရှိပါတယ်။အခြားသောအပန်းဖြေကစားကွင်းများလည်း ရှိပါတယ်။
အီတလီအခြေဆိုက် Ferrari ပြိုင်ကားထုတ် ကုမ္မဏီက တည်ဆောက် ထားခြင်း ဖြစ်ပြီး Ferrari ကုန်အမှတ်တဆိပ်ကို လူသိများစေတဲ့ အခြား ကြော်ငြာနည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် နှောင်းပိုင်းက စဆောက်ပေမယ့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ လောက်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အထဲမှာ Ferrari ကုမ္မဏီရဲ့  နာမည်ကြီး ကားများကို ပြသထားတဲ့ပြတိုက်လည်းရှိပါတယ်။FerrariWorldရဲ့ တည်ဆောက်မှုပုံစံဟာ ယခုလို သားသားနားနား ရှိနေတာကိုလည်းမြင်တွေ့ရပါတယ်။
Ref:www.ferrariworldabudhabi.com
Ref:www.ferrariworldabudhabi.com
ရိုးရာလေး သတင်း
YoYarLay