ခွေးတွေဟာအနံ့ခံကောင်းပြီးသခင်ကိုသစ္စာရှိတယ်။ ရပ်ဝေးကနေ အိမ်ကိုရောက်အောင် ပြန်နိုင်တယ် ဆိုတာ လူအတော်များများ သိပြီးသားပါ။ ဒါပေမဲ့ ဒီသတင်းကတော့ ကြောင်ချစ်သူတွေ အတွက် ဂုဏ်ယူ စရာ
ဖြစ်ပါလိမ့်မယ်။
သူတို့ရဲ့ ကြောင်လေး Holly နဲ့အတူ ခရီးထွက်ခဲ့တဲ့ ကြောင်ပိုင်ရှင် လင်မယားဟာ ကမ်းခြေတခုမှာ ခဏနား နေခဲ့ပါတယ်တဲ့။ နောက်တော့ တခြား အပန်းဖြေ သူတွေရဲ့ ဗျောက်အိုးဖောက်တဲ့ အသံတွေကြောင့်
ကြောင်လေးက ကြောက်လန့်ပြီး ကားထဲကနေ ခုန်ချ ထွက်ပြေးသွား ပါတယ်။ ဘယ်မှာမှ ပြန်ရှာလို့ မရပျောက်နေတော့ ကြောင်ဓာတ်ပုံနဲ့ စာတွေလိုက်ဝေပြီး ရှာပေမဲ့ မတွေ့ခဲ့ပါဘူး။
၂ လ ကျော်ကြာတဲ့အချိန်ကျမှ ကြောင်လေး Holly ကို သူ့အိမ်ကိုရောက်ခါနီး တမိုင်လောက်အလိုမှာ ကြောင်ကယ်ဆယ်တဲ့သူတွေက တွေ့ခဲ့ပါတယ်။ ပိန်လှီပြီး အားအင်ချိနှဲ့နေတဲ့ ကြောင်လေးရဲ့ ကိုယ်မှာထိုးထားတဲ့ မိုက်ခရိုချစ်ပ်ကို တွေ့ပြီး ပိုင်ရှင်အမှန်ဆီ ပြန်ရောက်လာခဲ့ပါတယ်။
အိမ်အရောက် မိုင် ၂ ရာခရီး လမ်းလျှောက်ပြန်လာတဲ့ Holly ကို သူ့ပိုင်ရှင်က ပွေ့ဖက်ရင်း ၀မ်းပန်းတသာ ငိုကြွေးနေတာကို တီဗီသတင်းမှာ တွေ့ရပါတယ်။ ဘယ်လို့ဖြစ်စေ .. ဇာတ်သိမ်းကောင်းတဲ့ သတင်းကောင်း တပုဒ်မို့ ကြောင်ချစ်သူတွေအတွက် ရှယ်လိုက်ပါတယ်။
source: ABC news
Burma-Newselite