လူမပါရယ်လို့ မဟုတ်ပဲ လူမောင်းကား ဖြစ်ပါတယ်။ လူမောင်းစရာ မလိုပဲ ကားက အလိုအလျောက် မောင်းနင်နေစေမယ့် ကား ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လူမမောင်းကားတစ်စီး ဖြစ်ဖို့ ယင်းကားမှာ အနည်းဆုံး ယူနစ် လေးခု ရှိရ ပါမယ်။
ကင်မရာ
ကားရှေ မှန်မှာ တပ်ထားတဲ့ ကင်မရာ ဖြစ်ပြီးမီးပွိုင့်အရောင်တွေ ခွဲခြားနိုင်ရမယ်။ အတားအဆီးအပိတ်ဆို့တွေကို မြန်မြန် Respond လုပ်ပေးနိုင်ရပါမယ်။
ဘီးအာရုံခံစနစ်
ဘီးမှာတပ်ဆင် ထားရပါမယ်။ ဘီးအပတ်ရေကို သိထားရင် ဘယ်နေရာ ကို ဘယ်နှစ်မိုင်သွားနိုင်တယ်ဆိုတာကို သိရှိနိုင်ပါမယ်။ နေရာဒေသ ရှာဖွေသတ်မှတ်မှု ပိုတိကျပြီး မြေပြင်က အတားအဆီးအပိတ်အဆို့၊ အန္တရာယ်ကိုလည်း အာရုံခံနိုင်စွမ်း ရှိရပါအုံးမယ်။
လေဆာရောင်ခြည်သုံး ရှာဖွေရေးစနစ်
ကားခေါင်မိုးမှာ တပ်ထားပါတယ်။ ပေ ၂၀၀ ပတ်လည်အတွင်း ဖြစ်ပျက် မှုများကို စုံစမ်းထောက်လှမ်းနိုင်ပြီး အမြဲ ပြန်ကြား
နိုင်နေရပါမယ်။
ရေဒါ စနစ်
ကားရဲ့  နောက်ဆုံးဘမ်ပါမှာ တပ်ဆင်ထားပါတယ်။ သို့ပေမယ့် သူ့ရဲ့ ထောက်လှမ်းနိုင်မှုက ပတ်ပတ်လည်ပါပဲ။ သင်္ဘောတွေမှာ ပါခဲ့ဖူးတဲ့ ရေဒါတွေလိုပါပဲ သူ့အတိုင်းအတာနဲ့သူ နီးစပ်ရာ လူမဲ့ကားများနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
ယင်း ယူနစ်လေးခုက လက်ရှိ ရှိရင်းစွဲ နောက်ဆုံးပေါ် ကားတွေမှာ ထပ်ပေါင်းပေးရမယ့် နည်းပညာများ ဖြစ်ပါတယ်။ ယင်းကားမှာ နောက်ထပ် အရေးကြီးတာ တစ်ခုက အင်တာနက် အဆက်အသွယ် ဖြစ်ပါတယ်။ အင်တာနက်ဆက်သွယ်မှု ရှိမှ အမြဲ Update ဖြစ်နေတဲ့ GPS ကို အသုံးပြုလို့ ရပါမယ်။ ရေဒါဆိုဒါ သူ့မိုင်အတိုင်းအတာအတွင်းကို အကြမ်းဖျင်းသာ ဖော်ပြနိုင်ပြီး GPS နဲ့ ဂြိုလ်တု ကင်မရာက ပိုတိကျပါတယ်။
အထက်ပါ Google ကတီထွင်လိုက်တဲ့ လူမဲ့ ကားစနစ် အပြင် တိုယိုတာ မှလည်း အခြား လူမဲ့ အလိုအလျောက်မောင်းကား စနစ်ကို တီထွင်ဖန်တီးပြီး ဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ လူတွေ ကားနောက်ခန်းမှာ သက်တောင့်သက်သာ ထိုင်စီးရတော့မယ့် အနေအထား ဖြစ်ပါတယ်။ ကားဒရိုင်ဘာ သီးသန့်တောင် ရှာစရာ၊ ငှားစရာ မလိုတော့ပါဘူး။ လာမယ့် CES မှာလည်း Google ရော၊ တိုယိုတာကပါ ဝင်ရောက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: techblog
Aung Kham (TSJ team)