သုတသတင်း

Saturday

လူသားများ အင်္ဂါဂြိုဟ်သို့ သွားမည့်ခရီးစဉ်ကို ၂၀၁၈ ခုနှစ်၌ စတင်ဖွယ်ရှိ


လူသားများ အင်္ဂါဂြိုဟ်သို့ သွားမည့်ခရီးစဉ်ကို ၂၀၁၈ ခုနှစ်၌ စတင်ဖွယ်ရှိ Saturday, 23 February 2013 အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သော Inspiration Mars Foundation သည် လူသားများ အင်္ဂါဂြိုဟ်သို့ သွားမည့် ခရီးစဉ်တစ်ခုကို လာမည့် သီတင်းပတ်တွင် ထုတ်ပြန်မည်ဟု သိရသည်။ ယင်းခရီးစဉ် စတင်ရန် အဆိုပြုထားသည့်အချိန်မှာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလဖြစ်ပြီး ခရီးစဉ်ကို Mission for Americaဟု အမည်ပေးထားသည်။ယင်းအဖွဲ့သည် အနာဂတ်ဖွံ့ဖြိုးရေး၊အမျိုးသားအကျိုးစီးပွား၊အသိ ပညာ သစ် ရရှိရေးနှင့် ကမ္ဘာကို ဦးဆောင်နိုင်ရေးတို့အတွက် အမေရိက လူသားများ အာကာသကို လေ့လာရေး အစီအစဉ်များအား မြှင့်တင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းအဖွဲ့ကို ဦးဆောင်သူမှာ သန်းကြွယ်သူဌေး ဒင်းနစ်တီတိုးဖြစ်ပြီး သူသည် အာကာသခရီးစဉ်နှင့် ကျွမ်းဝင်သူတစ်ဦးဖြစ်ပြီး ၂၀၀၁ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံကာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) သို့ ပထမဆုံး ပုဂ္ဂလိက အာကာသခရီးသွားအဖြစ် သွားရောက်ခဲ့ဖူးသူဖြစ်သည်။ သူသည် ၁၉၆၀ ပြည့်လွန်နှစ်များ အစောပိုင်းက နာဆာ၏ Jet Propulsion Laboratory ၌ လုပ်ကိုင်ခဲ့ဖူးပြီး အင်္ဂါဂြိုဟ်ကို လှည့်ပတ်ရန်အတွက် ဂြိုဟ်တုများ၏ ဂြိုဟ်ပတ်လမ်းကြောင်းအား ရေးဆွဲပေးခဲ့သူ ဖြစ်သည်။ ယင်းအဖွဲ့၏ စိတ်ကူးမှာ ရက်ပေါင်း ၅၀၁ ရက်အတွင်း အင်္ဂါဂြိုဟ် အသွားအပြန် ခရီးစဉ်ရေးဆွဲရန် ဖြစ်သည်။ သို့သော် ခရီးစဉ်အတွက် ကုန်ကျမည့် ငွေကြေးကို မည်သည့်နေရာမှ ရရှိမည်ကို ပြောကြားနိုင်ခြင်း မရှိသေးကြောင်း နှင့် လိုက်ပါသွားမည့်သူများ မည်သို့မည်ပုံ အသက်ရှင် နေထိုင်နိုင်မည်ကို မပြောနိုင်သေးကြောင်း၊ ယခု အစီအစဉ်အတွက် လေ့လာစရာများစွာ ကျန်နေသေးကြောင်း ပြောကြားခဲ့သည်။  
Ref:CNN
Eleven Media Group