သုတသတင်း

Monday

Facebook လည်း အဟက်ခံလိုက်ရ


ထင်ရှားသည့် ၀က်ဆိုက်များ ဖောက်ထွင်း ခံနေရ ချိန်တွင် Facebook လည်း အဟက်ခံ လိုက်ရ ကြောင်း သိရှိရသည်။ သို့သော်လည်း လျှို့ဝှက် ထိန်းသိမ်း ရမည့် အချက်အလက်များ ခိုးယူခံရခြင်း မရှိကြောင်း သောကြာနေ့က Facebook ဘလော့  တွင်ရေးသားထားသည်ကိုတွေ့ရှိရသည်။
Facebook ၀န်ထမ်းတချို့ အင်တာနက်စာ မျက်နှာ တခုကို ကြည့်ရှုကြပြီး နောက်ပိုင်း ထိုသို့သော ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ကယ်လီဖိုးနီးယားအခြေစိုက် Facebook ကုမဏီရုံးချုပ်ရှိ ကွန်ပြူတာများကို ထိုသို့ အင်တာနက်မှ ဖောက်ထွင်းမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဟက်ကာ မည်သူဖြစ်သည်ဆိုသည်ကိုမူ ကြေညာ ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ အဆိုပါ တိုက်ခိုက်မှုအတွက် Facebook က အမေရိကန် ပြည်တွင်း ထောက်လှမ်းရေးအဖွဲ့ FBI နှင့် ပူးပေါင်းဆောင်ရွက် စုံစမ်းစစ်ဆေးနေသည်ဟု ဆန်ဖရန်စစ္စကို ခရော်နစ်ကယ် သတင်းစာတွင် ရေးထားသည်။ အထင်ကရ ၀က်ဆိုက် တခုဖြစ်သော တွစ်တာ/Twitter လည်း ဖောက်ထွင်းခံခဲ့ရကြောင်း ယခု လဆန်းပိုင်းတွင် သတင်း ထွက်ပေါ်ခဲ့သည်။ မကြာသေးခင်ကလည်း ထင်ရှားသည့် စာနယ်ဇင်းများဖြစ်သည့် New York Times နှင့် Wall Street Journal တို့လည်း တိုက်ခိုက်ခံခဲ့ရသည်။ တရုတ်သမတ ၀မ်ကြားပေါင်ကို ဝေဖန်ရေးသားမှုကြောင့် တရုတ်ဟက်ကာတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

မူရင်းကိုဒီကနှိပ်ပါ