ကမ္ဘာ့အကြီးဆုံး အွန်လိုင်း လူမှု ဆက်ဆံရေး ကွန်ယက် ဖြစ်သည့်ဖေ့ဘွစ်အား ဟက်ကာများက ထိုးဖောက် ၀င်ရောက်ခဲ့သော်လည်း user များ၏ သတင်းအချက် အလက်များ ရယူသွားနိုင်ခြင်းမရှိ ခဲ့ဟုဖေ့ဘွစ်လုံခြုံ ရေး အဖွဲ့က ထုတ်ပြန်ကြေညာ ခဲ့သည်။
“ကျနော်တို့ရဲ့ကိုယ်ပိုင် အင်ဂျင်နီယာ အဖွဲ့ တခြား ကုမ္ပဏီတွေကလုံခြုံရေးအဖွဲ့တွေနဲ့အာဏာပိုင်တွေ နဲ့အတူပူးပေါင်းပြီးတော့ လုပ်ဆောင်နေပါတယ်။ ဒီတိုက်ခိုက်မှုအကြောင်းကို လေ့လာစုံစမ်းပြီး အလားတူ တိုက်ခိုက် နိုင်တာတွေကို ဘယ်လိုတား ဆီးမလဲ ဆိုတာ လေ့လာနေပါတယ်”ဟု ဖေ့ဘွစ်၏ ဘလော့ခ် ပေါ်တွင်ရေးသားထားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက ထိုးဖောက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအရ အလွန်ရှုပ်ထွေး သိမ့်မွေ့သောတိုက်ခိုက်မှုဖြစ်ကာ အခြားကုမ္ပဏီများလည်း ဖောက်ထွင်းခံခဲ့ရကြောင်း ဖေ့ဘွစ်က ဆိုသည်။ အဆိုပါသတင်းသည်ရင်းနှီးမြုပ်နှံသူများကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး ဤသတင်းထုတ်ပြန်ကြေညာသည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဖေ့ဘွစ်၏ ရှယ်ယာတန်ဖိုးသည် ၁၀ဆင့်ကျဆင်းလာပြီး ဆက်လက်ကျဆင်း ဖွယ်ရှိ သည်ဟု သိရသည်။ ဇန်န၀ါရီလအတွင်းက အမေရိကန်နိုင်ငံမှ နယူးယောက်တိုင်းမ် သတင်းစာနှင့် ဝေါလ်စထရိ ဂျာနယ်တို့ကလည်း တရုတ် ဟက်ကာများ၏တိုက်ခိုက်မှုခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့ကြသည်။
Source : Popular Myanmar News Journal