သုတသတင်း

Wednesday

ကမ္ဘာ့ပထမဆုံး ရေအောက် နိုက်ကလပ်



အမေရိကန်နိုင်ငံ နယူးယောက်မြို့ က ရေကူးကန်တစ်နေရာမှာ စတူဒီယို တစ်ခု ဖန်တီးပြီးလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ဇွန်လတုန်းက ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ပြည်သူများ အနေနဲ့ ရေအောက် သဘာဝကို ပိုမို စိတ်ဝင်စားလာအောင် ရည်ရွယ်ချက်နဲ့ လုပ်လိုက်တဲ့ marketing video သာဖြစ်ပြီး စိတ်ဝင်စားသူ အများအပြား ရှိခဲပါတယ်။ အထဲမှာ တကယ့် နိုက်ကလပ်ထဲကလို ခံစားစေရမယ်လို့ ဆိုပါတယ်။ အားလုံး ခေါင်းကို စွတ်ထားပေမယ့် တစ်ယောက်အသံ တစ်ယောက် ကြားရပါတယ်။ ကန်ပတ်ပတ် လည်မှာ sound box တွေတပ်ပြီး တစ်ယောက်ချင်းဆီမှာလည်း Hearing Device ပါရှိပါတယ်။ ဒါကြောင့် အထဲမှာ ဘယ်သူတွေ ဘာပဲ ပြောပြော ကုန်းပေါ်မှာ နေရသလို ကြားရပါမယ်။ ဖုန်းတွေရော၊ ကင်မရာတွေရော အားလုံး အသုံးပြုလို့ ရပါမယ်။ ကပြဖျော်ဖြေတဲ့သူနဲ့၊ အရက်ဘားနဲ့၊ စားပွဲခုန်တွေနဲ့ အပြင်အဆင် ထူးထူးခြားခြား မြင်တွေ့ရတဲ့ ကမ္ဘာ့ပထမဆုံး ရေအောက် နိုက်ကလပ် ဖန်တီးထားမှုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/LIBfLJMpSGo
Ref: TechSpace Journal