ထိုင်ဝမ် ငှက်ကျား
Blue Mountain Lady လို့လည်းခေါ်တဲ့ Taiwan Blue Magpie ဟာ ထိုင်ဝမ် နိုင်ငံရဲ့  အမှတ်အသား ငှက် ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံမှ မဲအရေအတွက် ၁ သန်းကျော် ရရှိလို့ ထိုင်ဝမ်နိုင်ငံ ကိုယ်စားပြု ငှက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အရွယ်အစား အားဖြင့် အရှည် ၆၄ မှ ၆၅ စင်တီမီတာ၊ တောင်ပံတစ်ဖက်ဆီ အကျယ် ၁၈-၂၁ စင်တီမီတာ၊ အမြီးက ၄၀ စင်တီမီတာ ရှိညပါတယ်။
ခေါင်း၊လည်ပင်းနဲ့ ရင်အုံက အနက်၊ မျက်လုံးက အဝါ၊ နှုတ်သီး နဲ့ ခြေထောက်က အနီ၊ ကျန်တဲ့ ကိုယ်အစိတ်အပိုင်း အားလုံးက နက်ပြာရောင်ဖြစ်ပြီး ခရမ်းရောင်လည်း ရှိပါတယ်။ တောင်ပံစွန်းနဲ့ အမြီးစွန်းတွေမှာ အဖြူရောင်လည်း ရှိနေတတ်ပါတယ်။
အရောင်သွေစုံတဲ့ ငှက်လည်း ဖြစ်ပြီး ထိုင်ဝင်ဒေါင်း လို့တောင် ခေါ် စမှတ် ပြုပါတယ်။ ထိုင်ဝမ်နိုင်ငံမှ အလှဆုံး ငှက်ဖြစ်ပြီး ကမ္ဘာ့ရှားပါး ငှက်မျိုး စိတ် တစ်ခုလည်း ဖြစ်ကြောင်း သိရပါတယ်။
Ref: wiki
International news for myanmar