သုတသတင်း

Saturday

အားသွင်းနိုင်တဲ့ ကျောပိုးအိတ်



ခရီးသွားနေတဲ့ အချိန် လမ်းမှာ ကိုယ်သုံးတဲ့ စမတ်ဖုန်း ဖြစ်ဖြစ် လတ်တော့ ဖြစ်ဖြစ် ဘထ္ထရီကုန်သွားရင် ဘာမှဆက်သွယ်ရေး ဘာညာလုပ်လို့ မရလို့ စိတ်ညစ်ရတဲ့ အခါတွေလည်း ရှိပါတယ်။ ဒါကြောင့် ကလီဖိုးနီးယား တောင်ပိုင်း ကုမ္မဏီတစ်ခုက ဒီအခက် အခဲလေးတွေကို ဖြေရှင်းနိုင်ဖို့  ခရီးသွားကျောပိုးအိတ်မှာ အားသွင်းလို့  ရတဲ့ Charging လေးကို ဖန်တီးလိုက်ပါတယ်။ဒီအရာလေးကခရီးသွားရင်း မိမိ မိုဘိုင်းပစ္စည်းလေးများကိုအားဖြည့်အချိုရည်တိုက်ပေးမဲ့ အရာလေး ပါတဲ့။ TYLT တံဆိပ် ခရီးသွားကျောပိုးအိတ် 10,400 mAh အားရှိပြီး ပြန်လည် အားသွင်းနိုင်တဲ့ lithium-ion ဘထ္ထရီ ကို အသုံးပြုထားပါတယ်။အားသွင်းနိုင် တဲ့ USB Port သုံးခုပါရှိပါတယ်။ အားသွင်းပြီး ဖုန်းတစ်လုံးကို လေးနာရီကြာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပြီး အားသွင်းလိုက်လို့  ကုန်သွားတဲ့အခါ ပြန်ဖြည့်ပေးရန်လိုပါတယ်။ ကျောပိုးအိတ်ထဲက အားသွင်းဖို့ သိုလှောင်တဲ့ အိတ်တွေကလည်း ရေစိုခံ ပြုလုပ်ပေးထားပါတယ်။ ရောင်းဈေးကိုတော့ မကြေငြာထားသေးပေမဲ့ ဒေါ်လာ $100 လောက် ရှိမယ်လို့ ခန့် မှန်းရပါတယ်။ ဒါကလည်း ခရီးအမြဲ သွားနေတဲ့ သူတွေအတွက် အဆင်ပြေစေမဲ့ အသုံးအဆောင်လေးပါပဲ။
Mashable Stuff Myanmar Magazine