
Samsung က Apple ကို iPad, iPod အသစ်များအတွက် တရားစွဲ
တရားစွဲလို့ကုန် မပြီးနိုင်သေးတဲ့ Patent war ဟာ Samsung ကလည်း မီးဆက်မွေးနေပါတယ်။ Apple ရဲ့  နောက်ဆုံးထွက်များ ဖြစ်တဲ့ iPad4, iPad mini, the new iPod touch များဟာ Samsung မှ နည်းပညာကို ခိုးချတယ်လို့ စွဲချက် ထပ်တင်လိုက်ခြင်း ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား တရားရုံးမှာ ဖြစ်ပြီး စတင်စွဲဆိုတုန်းကတော့ Apple က ဖြစ်ပါတယ်။ Samsung ရဲ့  Galaxy Tab နဲ့ Google Nexus ဖုန်းများကို မူပိုင်ခွင့် ခိုးချတယ်လို့ Apple က စတင်တရားစွဲဆိုပြီး Samsung ကလည်း အားကျမခံ စွဲချက်အသစ် ထပ်တင်လိုက်ခြင်း
ဖြစ်ပါတယ်။ ယခု စွဲချက် ကတော့ အသံတိုးအသံကျယ် လုပ်တဲ့ Audio နည်းပညာပိုင်းဆိုင်ရာ ဖြစ်ပါ တယ်။ ဒါတွေကို Apple က Samsung ဆီမှ ခိုးချထားကြောင်း တောင်ကိုရီးယား Samsung ကခိုင်ခိုင်မာမာ ပြောကြား
နေပါတယ်။ Apple ကလည်း လက်မခံပါဘူး။ ဒါကြောင့် တရားရုံးမှာ ထိပ်တိုက်ရင်ဆိုင်ရဖို့ ပိုပြီးတော့ သေချာသွားပါတယ်။
အမေရိကန်မှာ ရှုံးပြီးနောက် ဥရောပနဲ့ အာရှနိုင်ငံ တရားရုံးများမှာ မကျေပွဲ နွဲပြီး မူပိုင်ခွင့် တရားစွဲဆိုမှုတိုင်းက Samsung က အနိုင်ရပါတယ်။ ဒါကို မကျေနပ်တဲ့ Apple က အမေရိကန်ဌာနေ တရားရုံးမှာ နောက်တစ်ခါ စွဲချက်တင်ပါတယ်။ ယင်းစွဲချက်ကို စိန်ခေါ်တဲ့အနေနဲ့ Samsung ဘက်မှ လည်း အားကျမခံ အသစ်ထုတ်လုပ်ထားတဲ့ Apple ကုန်ပစ္စည်း အားလုံးနီး ပါးပြီး သိမ်းကြုံးပြီး တရားစွဲလိုက်ပါတယ်။
Samsung ရဲ့  chief executive ဖြစ်တဲ့ Shin Jong-kyun က ဒီလိုပြော ပါတယ်။ " Samsung ရဲ့  Wireless နည်းပညာ မရှိခဲ့ရင် Apple ဟာ ဟန်းဆက်ထုတ်လုပ်ဖို့ မဖြစ်နိုင်ပါဘူး" လို့ ကိုရီးယား တိုင်းမ် သတင်းစာမှာ ခနဲ့ပြောဆိုခဲ့ပါတယ်။ Samsung ရဲ့  ပြောဆိုချက်ကို Apple က ဘယ်လို ဝေဖန်မလည်း ဆိုတာ မသိရသေးပါဘူး။ သို့ပေမယ့် မကြာမီ ကာလအတွင်း Apple နဲ့ Samsung တို့ မူပိုင်ခွင့်စစ်ပွဲ ကြီးသထက် ကြီးလာအုံးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။TechSpace Journal