လေဆာကီးဘုတ် (Virtual Keyboard)
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လေဆာအလင်းရောင်နဲ့ ပေါ်နေတဲ့ အကွက်ပေါ်မှာ တကယ် typing ရိုက်လို့ရမှာ ဖြစ်ပါတယ်။ အမေရိကန်အခြေဆိုက် Brookstone - gadgets ပစ္စည်းထုတ် ကုမ္မဏီက ဖန်တီးလိုက်တာ ဖြစ်ပါ တယ်။ အော်ဒါမှာယူခွင့် ပေးတဲ့ ရက်ပိုင်းအတွင်း ကုန်သွားပြီး ဒီဇင်ဘာလ လောက်မှ ပြန်လည် ရရှိမယ်လို့ ဆိုပါတယ်။ စမတ်ဖုန်း၊ လပ်(ပ်)တော့၊ Tablet အစရှိသဖြင့် ပစ္စည်း စုံစုံလင်လင်နဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth ပါဖို့တော့ လိုပါတယ်။ သူက Bluetooth နဲ့ အလုပ် လုပ်တာမို့ ဖြစ်ပါတယ် ကီးဘုတ် အရွယ်အစား ကြီး/ငယ်ကို ကိုယ်လိုသလို ချိန်ညှိယူနိုင်ပြီး သာမန် ကွန်ပျူတာ တစ်လုံးသုံးသလိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း နဲ့ Message ပို့တဲ့အခါ အလွယ်တကူ ရိုက်ပို့နိုင်ပါတယ်။ အင်တာနက်သုံးရင်လည်း အဆင်ပြေပါတယ်။ အရွယ်အစားကလည်း သော့ချိတ်သာသာပဲရှိပြီး သော့ချိတ်ပုံစံမျိုးပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း မှာယူပေးမယ့် ကိုယ်စားလှယ်များ ရှိလာနိုင်ပါတယ်။ မူရင်း အင်တာနက်ကနေ တစ်ဆင့်ရောင်းချတဲ့ Brrokstone ရဲ့  လေဆာကီးဘုတ် (Virtual keyboard) ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

မူရင်းဆိုဒ်ကို ဒီမှာနှိပ်ပါ