1TB/1000GBဒေတာတွေ သွားလေရာသယ်သွားဖို့ Memory Stick
Thursday, January 10, 2013
Kingston ကနေ CES ပွဲမှာ 1TB ပမာဏ သယ်ဆောင်သွားနိုင်မဲ့ Memory Stick ကို ပွဲထုတ် ခဲ့ပါတယ်။
1TBဆိုတော့1024GB/1000GB တောင် ဒေတာတွေဆန့်မှာဖြစ်ပါတယ်။
DataTraveler HyperX Predator အမျိုးအစား ဖြစ်ပြီး 512GB ကိုတော့ လက်ရှိမှာ ၀ယ်ယူလို့ ရနေ ပါပြီ။
HyperX Predator Memory Stick တွေဟာ USB3.0နဲ့ ဖြစ်ပြီး ရေးနှုန်းနဲ့ ဖတ်နှုန်းက 240MB/s နဲ့ 160MB/s အထိ မြန်နိုင်တယ်လို့ ဆိုပါတယ်။
သွားလေရာ External HDD ကြီး တွေ သယ်နေရ တာကို လေးလို့ စိတ်ညစ်နေတဲ့ Data တွေ အများကြီး သိမ်းတဲ့သူတွေ၊ လက်ရှိ 16/32GB Memory Stick တွေနဲ့ နေရာမဆန့်လို့ Storage Space ခပ်များများ လိုချင်တဲ့သူတွေ၊ 512GB ရှိတဲ့ USB Device (DTHXP30/512GB) လေးကို ၀ယ်ချင်စိတ် ဖြစ်မယ်ဆိုရင်တော့ US$1337 ရှိဖို့တော့ လိုပါလိမ့်မယ်။
(သင့်မျက်စိ မမှားပါဘူး၊ သေချာပါတယ်။ US$133.7 မဟုတ်ပါဘူး။)
1TB USB Device ကတော့ ဈေးဘယ်လောက် ဖွင့်မယ်ဆိုတာ မပြောသေးပါဘူး။ US$2000 ကျော်မှာတော့ သေချာပါတယ်။
Giga Bytes တွေနဲ့ နေရာမလောက်လို့ Tera Bytes လောက်လိုချင်တဲ့ Heavy Data Collector တွေအတွက် အသည်းခိုက်စေမဲ့ 1TB Flash Drive နဲ့ 512GB Flash Device တွေပဲ ဖြစ်ပါတယ်။
သို့ပေမဲ့လည်း ဈေးနှုန်းတွေကတော့ အသည်းပျက်မလောက်
ကြောက်ဖို့ကောင်း ပါတယ်။
THA: TSJ Tech Team
TechSpace Journal