သုတသတင်း

Friday

ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း


ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ် ပါဘူး။ ပူနေတဲ့ဘယ်လို မျက်နှာပြင်မျိုး နဲ့မဆိုထိတွေ့ထားရင်အလိုအလျောက် အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။ ပုံမှာပြထားတာကတော့   ရှေ့ မျက်နှာ ပြင်ဘက်ဖြစ်ပြီး နောက်ဘက် မျက်နှာ ပြင် ကကြေးနီများနဲ့ဖုံးအုပ်နေပါ တယ်။ ဘေးအနားမှာတောင်ယခုလို မြင်တွေ့ နေရပါတယ်။ရည်ရွယ်ချက်ကတော့ ယင်းကြေးနီCopperက အပြင်ထိ တွေ့ မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူ မှာဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။ ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။ E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
Ref:techblog Aung Kham (TSJ team)  
TechSpace Journal