သုတသတင်း

Sunday

စတီဖင်ဟော့ကင်း၏ စကားပြောနိုင်သည့် နည်းပညာသစ်



ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရ၍ စကား ပြောရန် အခက်အခဲရှိသည့် စတီဖင်ဟော့ကင်း အတွက် စကားပြောနိုင်သည့် နည်းပညာသစ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီဖြစ်သည်။ စိတ်ကူးထဲမှာ ရှိသမျှ အတွေးများကို စကားလုံးဖြင့် ပုံဖော် ပေးနိုင်ရန် စတီဖင်ဟော့ကင်း၏ ဦးနှောက်ကို ကွန်ပြူတာ ဓာတ်မှန်ရိုက်လိုက်သောအခါ စိတ်ကူးပုံ ရိပ်များသည် ပုံစာများအဖြစ် ကွန်ပျူတာ ဖန်သား ပြင်ပေါ်မှာ ပေါ်လာမည်ဖြစ်သည်။ ထို့ပြင်အတွေးကို ပုံစာအဖြစ်သာမက အသံအဖြစ်ပါ ပြောင်းလဲနိုင်သည့် အဆိုပါစက်ကို ဇန်န၀ါရီလထဲတွင် ကျရောက် မည့် စတီဖင်ဟော့ကင်း၏ ၇၁နှစ်မြောက် မွေးနေ့အတွက် ရည်စူးပြီး တီထွင်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါ အတွေး ပုံဖော်စက်ကို စတီဖင်ဟော့ကင်း၏ အခြေခံရူပဗေဒ နည်းပညာကို ဆင့်ပွားတီထွင်ထားခြင်းပင် ဖြစ်သည်။
မူရင်ကိုဒီကသွားပါ