သုတသတင်း

Sunday

နှစ်ပေါင်း သန်း၂၀၀၀ခန့်က မားစ်ဂြိုဟ်သည် ကမ္ဘာဂြိုဟ်နှင့် ဆင်သည်ဟုဆို



Space.comမှ နောက်ဆုံးထုတ်ပြန် ကြေညာ လိုက် သည့်သတင်းများအရ မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်)သည် လွန်ခဲ့သည့် နှစ်ပေါင်းသန်း ၂၀၀၀ခန့်က ကမ္ဘာဂြိုဟ်နှင့် ဆင်တူခဲ့ကြောင်း သိရသည်။ မားစ်ဂြိုဟ်ကို လေ့လာနေသော အာကာသယာဉ် များဖြစ်သည့်Curiosityနှင့်Opportunityတို့မှ ပေးပို့ သော အချက်အလက်များအရ တစ်ချိန်တုန်းက မားစ်ဂြိုဟ်တွင်လည်း ကမ္ဘာဂြိုဟ်ကဲ့သို့ပင် လေထု ရှိခဲ့ သလို မြစ်များနှင့် ချောင်းများလည်း များစွာ ရှိခဲ့ကြောင်းသိရသည်ယင်းထက်ပို၍ထူးခြားသည်မှာ မားစ်ဂြိုဟ်တွင်လည်း သက်ရှိများပင် ရှင်သန်ခဲ့သည် ဟူသော အယူအဆများပင်ဖြစ်သည်။ တစ်ချိန်တုန်း ကမားစ်ဂြိုဟ်ပေါ်မှ သမုဒ္ဒရာများ၊ တောင်တန်းများ၊ မြစ်ဝှမ်းများနှင့် ချိုင့်ဝှမ်းများစသော မြေမျက်နှာ သွင်ပြင်များ အကြောင်းကို အသေးစိတ် လေ့လာပြီးလျှင် မားစ်ဂြိုဟ်ပေါ်တွင် ဟင်းသီးဟင်းရွက် များကို သာမကသစ်တောများကိုပါစိုက်ပျိုးသွားနိုင်ရန် ဆုံးဖြတ်ထားသည်ဟုသိပ္ပံပညာရှင်ကီဗင်ဂေးလ်က ဆိုသည်။