သုတသတင်း

Thursday

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်သည် Apple Inc. (AAPL) နှင့် Google Inc. (GOOG) တို့အား ကွန်ယက် ချိတ်ဆက်မှု ခွင့်ပြု



လာမည့် ဖေဖေါ်ဝါရီလတွင် အမေရိကန် ကာကွယ်ရေး ဌာနချုပ်မှ ၄င်းတို့၏ ကွန်ယက်ကို ချိတ်ဆက်ရန် Apple Inc. (AAPL) နှင့် Google Inc. (GOOG) တို့၏ မိုဘိုင်းဖုန်းနှင့် tablet များအား ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခွင့်ပြုချက်သည် ပင်တာဂွန်ရှိ အသုံးပြု ပစ္စည်း (၄၅၀၀၀၀) ကျော် နေရာ ရရှိထားသည့် BlackBerry (BBRY) ကုမ္ပဏီအတွက် ခြိမ်းချောက်မှုတစ်ခု ဖြစ်နိုင်သည်။ BlackBerry သည် ပြိုင်ဖက်များနှင့် ယှဉ်ပြိုင်ရာတွင် ၄င်း၏ ဈေးကွက်ဝေစု အတော်များများကို လက်လွှတ်ခဲ့ရပြီး ၊ ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်လိုက်သော BlackBerry 10 phone ဖြင့် နေရာ ပြန်လည် ရယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်သည်။ ၄င်းအား လာမည့် မတ်လအတွင်း အမေရိကန် နိုင်ငံတွင် စတင် ရောင်းချသွားမည် ဖြစ်သည်။ ပင်တာဂွန်သည် ပထမဦးဆုံး အနေဖြင့် ၄င်း၏ ၀န်ထမ်းများအား အတန်းအစား ခွဲခြား သတ်မှတ်ထားသော ဌာနချုပ်၏ ကွန်ယက်စနစ်များအတွင်း စီးပွားဖြစ် ထုတ်ကုန်များကို အဆင်ပြေပြေ အသုံးပြုသွားစေလိုကြောင်း ပြောကြားခဲ့သည်။ စစ်တပ်သုံး military mobile applications စတိုးကို ဖန်တီးသွားရန် ရှိပြီး ၊ အသုံးပြု မိုဘိုင်း ပစ္စည်းပေါင်း (၈) သန်းခန့်ကို ကိုင်တွယ် ထိန်းသိမ်းသွားနိုင်မည့် စနစ်တစ်ခုကို တည်ဆောက်ရန် လုပ်ငန်းတစ်ခုအား စာချုပ်ချုပ်ဆို ငှားရမ်း အသုံးပြုသွားရန်ု ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
Ref:MRTV4