သုတသတင်း

Friday

Samsung Galaxy 3 က Apple IPhone ကို ကျော်လွန်ကာ အကောင်းဆုံး စမတ်ဖုန်းဆုကို ဆွတ်ခူးရယူ



စပိန်နိုင်ငံ ၊ ဘာစီလိုနာတွင် ကျင်းပလျှက်ရှိသော ၂၀၁၃ မိုဘိုင်းဖုန်း ညီလာခံတွင် တစ်နှစ်တာ အတွက် အကောင်းဆုံး စမတ်ဆုကို Apple IPhone၊ HTC Droid DNA ၊ Nokia Lumia 920 နှင့် Samsung Galaxy Note II စသည့် အကောင်းဆုံး ထုတ်ကုန်တို့ကို ကျော်ဖြတ်ကာ Samsung Galaxy 3 က ဆွတ်ခူး ရယူနိုင်ခဲ့သည်။ ၄င်းသည် Samsung မှ ရရှိခဲ့သော အဓိက ဆုကြီး (၄) ခုအနက် တစ်ခုဖြစ်ပြီး၊ Apple သည် နှိုင်းယှဉ်ပြစရာ ဆုတစ်ခုမှ မရှိခဲ့ပေ။ ၂၀၁၂ ခုနှစ်က Samsung ၏ S2 က iPhone 4s ကို အနိုင် ပိုင်းနိုင်ခဲ့သည်။ Samsung က တစ်နှစ်တာ၏ ကုန်ပစ္စည်း ထုတ်လုပ်သူ ဖြစ်ခဲ့ပြီး၊ Apple က tablet အမျိုးအစားပိုင်းတွင် အနိုင်ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် ဈေးကွက်ဝင် entry level/feature phone ကဏ္ဍတွင် Nokia ၏ Asha က အခြား Nokia ဖုန်းများနှင့် Samsung C3312 တို့ကို ကျော်လွန်ပြီး ရွေးချယ်ခံခဲ့သည်။ tablet ပြိုင်ပွဲတွင်မူ Google ၏ Nexus 7 က အနိုင်ရရှိခဲ့သည်။

Ref:MRTV4-News