ကွန်ပျူတာစနစ် ချွတ်ယွင်းမှု တစ်ခုကြောင့် မားဂြိုဟ်ဆင်းယာဉ်ငယ် Curiosityသည် ယခုအခါ လှုပ်ရှားမှု ရပ်တန့်နေကြောင်း သိရှိရသည်။ NASAမှ ပညာရှင်များသည် ဂြိုဟ်နီကြီးခေါ် မားစ်၏ မျက်နှာပြင်ပေါ် လှည့်လည် သွားလာနေရင်း ထိုးရပ်သွားသည့် ယာဉ်ငယ်ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းရင်း ခေါင်းရှုပ်လျှက် ရှိသည်။
အဆိုပါ ယာဉ်ငယ်လေးကို မားစ်၏ မျက်နှာပြင်ပေါ် အဆင်ပြေစွာ ပို့ဆောင် မောင်းနှင်နေသော်လည်း ယခုလ အစောပိုင်းက စတင်ကာ ပြဿနာအချို့ ရှိလာခဲ့သည်။ ကမ္ဘာမြေပေါ်မှ တိုက်ရိုက် ထိန်းချုပ်နေသော မောင်းသူမဲ့ ယာဉ်ငယ်လေးသည် တပ်ဆင်ထားသော ကွန်ပျူတာ မှတ်ဉာဏ် စနစ်တွင် ပြဿနာများ ရှိနေပြီး တုံ့ပြန်မှု မရှိဘဲ ရန်တန့်နေခြင်းဟု သိရသည်။
Ref: Myanmar Online News