သုတသတင်း

Wednesday

ဆေးရုံသုံး CT Scanner



ဆေးရုံးမှာ သုံးတဲ့ Xray ရိုက်စက်ကြီး (CT Scanner) တစ်လုံးရဲ့  တန်ဖိုး ဟာ မြန်မာကျပ်ငွေနဲ့ တွက်ရင် သိန်း ထောင်ဂဏန်းမှာ ရှိပါတယ် ။ ပုံမှာ မြင်တွေ့ရတာကတော့ CT Scanner တစ်လုံးမှာ ပါဝင်တဲ့ စက် အစိတ်အပိုင်းများကို ထင်သာမြင်သာ ရှိအောင် အခွံ့ချွတ် ပြသ ထားခြင်း ဖြစ်ပါတယ်။ CT Scanner ကို X-ray computed tomography လို့လည်း ခေါ်ပါတယ်။ X-ray tube, X-ray detectors, X-ray beam,Gantry rotation စတဲ့ အဓိက အစိတ်အပိုင်း လေးခု လည်ပတ်အောင် ကျန်တဲ့ စက်ပစ္စည်း များက ထောက်ပံ့ထားခြင်း ဖြစ်ပါတယ်။ အဓိက ယူနစ်က နည်းပါတယ်။ X-Ray ဓာတ်ရောင်ခြည်သုံး ဓာတ်ပုံရိုက်စက်တစ်လုံးကို ကွန်ပြူတာနဲ့ ချိတ်ဆက်သုံးသလို အကြမ်းဖျင်းမှတ်ယူနိုင်ပေမယ့် ယင်း နှစ်ခု ကြားထဲမှာ အချိတ်အဆက်မိအေင် Convert လုပ်ပေးတဲ့ စနစ်က ချုပ်ထွေးပါတယ်။ အသုံးပြုတဲ့ သတ္တု၊ ဆားကစ်များက ဈေးကြီးသွားပြီး CT Scanner ဆိုတာ Unique ဖြစ်တဲ့ ဓာတ်မှန်ရိုက်စက်၊ Scan ဖက်စက် တစ်လုံး ဖြစ်လာပါတယ်။ စာရွက်မှာ မိတ္တူကူးတာနဲ့ လူကို ဓာတ်မှန်ရိုက်တာနဲ့ တူညီမှုတော့ မရှိပါဘူး။ ဓာတ်မှန်စက်မှ ထွက်ရှိတဲ့ ရောင်ခြည်ဟာ လူသားတွေအတွက် ဆိုးကျိုး ရှိပြီး နောက်ပိုင်းထုတ်တဲ့ CT Scanner များမှာ အန္တရာယ်ဖြစ်မှုနှုန်း အနည်းနိုင်ဆုံး ဖြစ်အောင် လျော့ချလာကြောင်း သိရပါတယ်။

Myanmar Online News