သုတသတင်း

Sunday

ဒရိုင်ဘာမလို တက္ကဆီ ကို ဟီတာချီတို့ထုတ်



ဂျပန် Hitachi ကုမ္မဏီက ထုတ်တဲ့ တစ်ယောက်စီး ကားငယ်လေး ဖြစ်ပါတယ်။ ထူးခြားချက်ကတောန့ မောင်းနှင်ရန် ဒရိုင်ဘာ မလိုအပ်ခြင်း ဖြစ်ပါတယ်။ ကားက စက်ရုပ်မှာ သူလုပ်ရမယ့် Function တွေကို ပရိုဂရမ်အတိအကျ ထည့်သွင်းရေးဆွဲထားပြီးသား ဖြစ်ပါတယ်။ သွားချင်တဲ့နေရာကို အထဲမှာပါတဲ့ touch screen ကနေ စေခိုင်းလိုက်ရင် သူ့ပါသူ အလိုအလျောက် ခရီးသွားမှာ ဖြစ်ပါတယ်။ ဘေးဘယ်ညာထိန်းချုပ်မှု၊ အနိမ့်အမြင့်သွားလာမှုတို့က အစလူထိန်းစရာမလိုအပ်ပါဘူး။ ဂျပန်နိုင်ငံမှာ GPS နဲ့ ဂြိုလ်တုသုံး Navigation ဟာ မြန်ဆန်တိကျတဲ့အတွက် အသုံးပြု၍ ရရှိခြင်း ဖြစ်ပါတယ။် အခြားနိုင်ငံမှာဆိုရင်တော့ မပြောတတ်ပါဘူး။ ဂျပန်မှာတော့ ကားတွေကြပ်ထဲ မြို့ လမ်းတွေထဲမှာလည်း အလွယ်တကူ သွားလာ ပြခဲ့ပါတယ်။ Smart Driverless Taxi လို့အမည်ပေးထားတဲ့ ဟီတာချီ တစ်ယောက်စီး ကားငယ်လေးများကို ယခုနှစ်ကုန်ပိုင်းအတွင်း ထုတ်လုပ်နိုင်ရန် ယာထားကြောင်း သိရပါတယ်။
--
Ref: techblog
Myanmar Online News