သုတသတင်း

Saturday

ဂျပန်စက်ရုပ်ဝတ်စုံ တစ်စုံ ISO လက်မှတ် ရရှိခဲ့



ဂျပန်အခြေစိုက် စက်ရုပ်နဲ့ နည်းပညာ ကုမ္ပဏီ Cyberdyne က ထုတ်လုပ်ခဲ့တဲ့ စက်ရုပ်ဝတ်စုံဟာ ကမ္ဘာ့ပထမဆုံး ဘေးကင်း လုံခြုံရေး အသိအမှတ်ပြု လက်မှတ် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဆိုက်ဘာဒိုင်း ကုမ္ပဏီဟာ Hybrid Assistive Limb လို့ခေါ်တဲ့ ၀တ်ဆင် အသုံးပြုနိုင်တဲ့ အဆိုပါ စက်ရုပ်ဝတ်စုံကို အသက်အရွယ်ကြီးသူတွေ နဲ့ မသန်စွမ်းသူတွေ အတွက် တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုပ်ကို ဂျပန် အရည်အသွေး အာမခံအဖွဲ့က စမ်းသပ် စစ်ဆေးခဲ့ပြီး ဘေးကင်း လုံခြုံမှု ရှိကြောင်း အတည်ပြု ပေးခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်ဝတ်စုံဟာ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ထားခဲ့တဲ့ လူမှုဘ၀ပြုစု စောင့်ရှောက်ရေး စက်ရုပ်တွေထဲမှာ ISO ရဲ့ ထောက်ခံချက် လက်မှတ်ရရှိတဲ့ ပထမဆုံး ကိရိယာလည်း ဖြစ်ပါတယ်။ အခုလို ထောက်ခံချက် လက်မှတ် ရရှိခြင်းဟာ HAL စက်ရုပ်ဝတ်စုံကို ကမ္ဘာ့တစ်လွှားရှိ ဘိုးဘွားရိပ်သာတွေ၊ အခြားလူမှု စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ပိုမို တွင်တွင်ကျယ်ကျယ် အသုံးပြုသွားဖို့ အခွင့်အလမ်း ပေါ်ပေါက်လာတာ ဖြစ်ကြောင်း ကုမ္ပဏီအကြီးအကဲ ပါမောက္ခ ယိုရှီယူကီ ဆန်ကိုင်း က ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
Ref:MRTV4