သုတသတင်း

Sunday

iPhone ကို Telepod လို့ ခေါ်ဆိုခဲ့ရင်



Apple နဲ့ နီးကပ်စွာ အလုပ်လုပ်ခဲ့တဲ့ ad agency creative director, Ken Segall, နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးး တစ်ခုမှာ Ken Segall က Apple ရဲ့ ကလကာ နောက်ကွယ်က ဇာတ်လမ်း အချို့ ကို ပြောပြ ရာမှာ Apple က iPhone အတွက် နာမည် စဉ်းစား ကြရာမှာ iPhone လို့ မခေါ်တွင်ပဲ Telepod လို့ ခေါ်တွင်အံ့ ဆဲဆဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Telepod ဆိုတဲ့ နာမည်က telephone နဲ့ Apple က ထွက်ရှိပြီးသာ iPod နှစ်ခု ပေါင်းစပ်ထားတဲ့ device ဖြစ်တာကြောင့် ဒီနာမည် ပေးဖြစ်ဖို့ စဉ်းစား ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပဲ Telepod ဆိုတဲ့ နာမည် နဲ့ အတူ Mobi, Tripod ဆိုတဲ့ နာမည်တွေ ပေးဖိုကလည်း စဉ်းစားခဲ့ ပါသေးတယ်လို့ ဆိုပါတယ်။ Mobi ဆိုတာကတော့ mobile ရဲ့ အတိုကောက် ဖြစ်ပြီး Tripod ဆိုတာကတော့ phone, iPod, internet ၃ ခုပေါင်း အတွက် စဉ်းစား ခဲ့ကြပြီး ၊ ကင်မရာသမားတွေ သုံးတဲ့ tripod နဲ့ တူနေတာကြောင့် ပယ်ဖျက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလို နာမည်တွေ ပြီးတဲ့ နောက်မှာတော့ iPad ဆိုတဲ့ နာမည် ကို စဉ်းစား ကြပြီး ဒါဟာလည်း အကယ်၍ iPad ထွက်လာရင် ဘယ်လို နာမည်ပေးမလဲ ဆိုတဲ့ ပြသနာကြောင့် iPad ဆိုတဲ့ နာမည်ကို စွန့်လွတ်ပြီး နောက်ဆုံး မှာ iPhone ဆိုတာ ဖြစ်လာတာပါလို့ ပြောဆိုထား ပါတယ်။ အကယ်၍ iPhone သာ Telepod ဆိုတဲ့ နာမည်နဲ့ ထွက်ခဲ့ရင် အခုလို စိတ်ဝင်စား ခံရပါ့မလားဆိုတာလည်း စိတ်ဝင်စား စရာပါ။

Tulay