သုတသတင်း

Sunday

အေးခဲစေပြီးမှ ပြန်လည် ရယူ နိုင်မဲ့ Android အချက်အလက်



Germany နိုင်ငံမှာ ရှိတဲ့ Friedrich-Alexander University က သုတေသန ပြုသူအဖွဲ့ဟာ encrypt လုပ်ထားပြီး bootloader lock ဖြစ်နေတဲ့ ဖုန်းထဲက အချက်အလက်တွေ ရယူဖို့နည်းလမ်းကို ရေခဲသေတ္တာကို သုံးပြုပြုလုပ်နိုင်ပြီလို့ ပြောဆို ထားပါတယ်။ သာမန်အားဖြင့် ဖုန်းတစ်လုံးကို ဒီလောက် ကြိုးစား စရာ မလိုပေမဲ့ မှုခင်းနဲ့ ပတ်သက်လို့ ဖုန်းထဲက အချက်အလက်တွေကို မရမနေ ရယူ ရမယ် ဆိုရင်တော့ အသုံးဝင်လာပြီ ဖြစ်ပါတယ်။ ဖုန်းကို အေးခဲစေခြင်းအားဖြင့် ဖုန်း ရဲ့ RAM ဟာ အချက်အလက် ကို အချိန်ကြာကြာ ပိုသိမ်းနိုင်မယ် ။ -၁၀ ဒီဂရီမှာ အေးခဲထားတဲ့ ဖုန်းကို ချက်ချင်း ပါဝါပိတ် ၊ ချက်ချင်းပြန်ဖွင့်ပြီး (သုတေသနပြုသူတွေကတော့ ဖုန်းရဲ့ ဘက်ထရီ ကို ဖြုတ်ပြီး ပြန်တပ်တာ အမြန်ဆုံးလို့ အကြံပြုထားပါတယ်။) boot လုပ်တဲ့ အချိန်မှာ recover mode ထဲဝင်ပြီး ဓာတ်ပုံတွေ ၊ ဖုန်း ရဲ့ history တွေကို ဆွဲယူ နိုင်မှာ ဖြစ်ပါတယ်။ အထူးတီထွင်ထားတဲ့ software နဲ့တော့ ပြုလုပ်ရမှာပါ။ အဆင်သင့်ရင် mobile phone ရဲ့ encrypt key ကိုတောင် ရယူနိုင်တယ်လို့ ဆိုထားပါတယ်။ IT forensics တွေ အတွက်တော့ သတင်းကောင်း ဖြစ်မှာပါ။
လုပ်ဆောင်ပုံ လုပ်ဆောင်နည်း အဆင့်ဆင့်ကို ဒီမှာ ဖတ်လို့ ရပါတယ်။
Tulay