သင်ဟာ အခန်းထဲမှာ တိတ်တိတ်လေးနေပြီး အင်တာနက်သုံးရင်း
အထီးကျန်ဆန် နေတက်သူ ရည်းစားမရှိသူ တစ်ယောက်လား.. ?
အားငယ်စရာမလိုတော့ပါဘူး..
ဂျပန်နိုင်ငံ University of Tsukuba က ကျောင်းသားလေး တစ်ယောက်ဟာ
ချစ်သူလို ပွေ့ ဖက်ထားပေးမယ့် ကုတ်အကျီ " Girlfriend Coat " ဆိုတဲ့ ဟာလေးကို တီထွင်ပြီး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Youtube မှာ ချပြခဲ့ပါတယ်။
နီယွန်အရောင် ခါးပတ်လေး တစ်ခုက ထင်ထင်ရှားရှား ပါတာက လွဲရင် ဒါလေးက သာမန် ကုတ်အကျီတစ်ထည်သာသာ ပဲ အမြင်ရှိပါတယ်။ ပြီးတော့ အသုံးပြုမယ်ဆိုရင် ခါး တစ်ခုလုံးကို မြဲနေအောင် ခါးပတ်ပေးထားရမှာ ဖြစ်ပါတယ်။
ပြီးတော့ Ear Phone တပ်ပေးရပါမယ် .. အကျီမှာ တပ်ထားတဲ့ စက်ကလေးကို ဖွင့်လိုက်တာနဲ့  ဘေးနားက ခါးကို လာသိုင်းဖက်တဲ့ ခံစားမှု ကို အရင်ခံစားရမှာပါ.. နောက် နားမှာ တပ်ထားတဲ့ Ear Phone လေးကနေ မိန်းကလေး အသံ တစ်သံ ထွက်လာပါလိမ့်မယ်.. ဘာလဲဆိုတော့..
"I'm sorry! I'm late!" ဆိုတာမျိုး နဲ့ မိမိကို နှစ်သိမ့်တဲ့ အသံကို ခံစားရပါမယ်။
" ဒီ ပစ္စည်းလေး တီထွင်ရခြင်း အကြောင်းရင်း က တစ်ကိုယ်ထဲ ဖြစ်နေတဲ့  လူသားတိုင်းကို ချစ်သူရည်းစား ရှိတဲ့ ပုံစံ ခံစားမှုကို ပေးချင်လို့ ပါ" လို့ ဟက်ဝဲလ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ တီထွင်မှု မှာ ပါဝင်သူ Hikaru Sugiura က ပြောခဲ့ပါတယ်။
ဂျပန်လိုကတော့ ဒီ ကုတ်အကျီ ကို Riajyuu Coat လို့ အမည်ပေးထားပြီး အဓိပ္ပါယ်က အင်တာနက် မှာ မဟုတ်ဘဲ ပြင်ပလောက မှာပါ စိတ်ပျော်ရွင်မှု ကို ရရှိစေလိုတဲ့  သူများ အတွက်လို့  ဆိုထားပါတယ်။
လောလောဆယ်ကတော့ ဒီကုတ်အကျီ လေးကို You Tube မှာ မိတ်ဆက် ပြသတဲ့ အဆင့်ပဲ ရှိပြီး ဈေးကွက်ကို ချပြဖို့ ရည်ရွယ်ချက် ရှိမရှိကိုတော့ မဖော်ပြထားပါဘူး။
ဒီကုတ် အကျီလေး အကြောင်းကို စိတ်ဝင်စားရင်တော့..
အောက်ပါလင့်မှာ သွားရောက် လေ့လာနိုင်ပါကြောင်း..
From: Stuff Myanmar Magazine