"Sony Xperia ZL စမတ်ဖုန်း လည်း S4 နဲ့  HTC one ကို ပြိုင်မယ်"
ဈေးကွက်မှာ ဖန်ရှင် စုံစုံလင်လင် ၊ကင်မရာ အရည်အသွေး ကောင်းကောင်း၊ လုပ်ဆောင်ချက် သာလွန်မှုတွေနဲ့ Screen ကြီင်္းမားတဲ့ ဖုန်းများဟာ အပြိုင်အဆိုင် ပေါ်ထွက် လာကြပါတယ်။
ဂိမ်းဆော့ရတာ ၊ ...See More™ S4 Pro quad-core processor ကို အသုံးပြုထားပါတယ်။
Stamina Mode ပါတဲ့ အတွက် ဖုန်းထဲမှာ Auto Run နေတဲ့ Application များကို ဘထ္ထရီ အား အပိုကုန်ခြင်း မှ လျော့ကျအောင် ကောင်းကောင်း Manage ပေးနိုင်တယ်လို့ သိရပါတယ်။
OS ကတော့ Android 4.1.2 ဖြစ်ပြီး မူလ Memory 16 GB နဲ့ 2 GB RAM အသုံးပြုနိုင်ပါတယ်။
microSD အသုံးပြုနိုင်တဲ့ အတွက် 64 GB အထိ Memory တိုးနိုင်မှာ ဖြစ်ပါတယ်။
သာမန် စမတ်ဖုန်း တစ်လုံးမဟုတ်ပါဘူး .. Samsung and HTCကိုလည်း ယှဉ်ပြိုင်နိုင်ဖွယ် ရှိပါတယ်လို့ သုံးသပ်ထားပါ တယ်။ အနက် ၊ အဖြူ နဲ့ အနီဆိုပြီး အရောင် သုံးရောင် နဲ့ ထုတ်လုပ်သွားမှာပါ။
ဈေးကွက်မှာတော့ မေလဆန်းပိုင်းလောက် ဖြန့် ချီသွားမယ်လို့  သတင်းထွက်ထားပါတယ်။ ဈေးနှုန်း ကတော့ ဒေါ်လာ $575.99 ခန့် ရှိမယ် လို့ သိရပါတယ်။ ဒီတော့ ဘယ်တစ်ခုက စမတ်ဖုန်း ချစ်သူများကို ပိုမို ဆွဲဆောင်မှု ရှိမယ်ဆိုတာ .. ဈေးကွက်ပေါ် ဖြန့် ချီတဲ့ အခါ တွေ့ ကြရအုံးမှာ ဖြစ်ပါတယ်။
Ref ; calgaryherald / gsmarena