သေမင်းနဲ့ ကစားတယ်ဆိုလို့ စိန်ပြေးတန်းတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ အမြင့်
ဆုံး တိုက်တာ အဆောက် အအုံ၊ မျော်စင်တွေပေါ်ကနေ ဘာပစ္စည်း မှ မပါပဲ ကုတ်တက် ဓာတ်ပုံရိုက်ခြင်း ဖြစ်ပါတယ်။
ရည်ရွယ် ချက်ကလည်း အခြားမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်ဖို့ပါပဲ။ ဒီခေတ်
မှာ လူတိုင်းက ဓာတ်ပုံ ဒေါင့်စုံရိုက်နိုင်နေပြီ။ Reality , Hearth Shock
ဖြစ်စေမယ့် ပုံမျိုးကျတော့ ခပ်ရှားရှားမို့ ယူကရိန်းနိုင်ငံသား လူငယ်လေး Mustang Wanted က စတန့်ထွင်လိုက်ခြင်း ဖြစ်ပါတယ်။
ကမ္ဘာပတ်ပြီး ပေပေါင်း ထောင်သောင်းမက မြင့်တဲ့ အဆောက် အအုံတွေကနေ တွဲလောင်းနေပါတယ်။
ခါးမှာ ဘာမှမပတ်ပါဘူး။ သက်ကယ်ကြိုးမပါပါဘူး။ လက်ကလေးသာ လွတ်ရင် သေဖို့ သေ
ချာတဲ့ အနေအထား ဖြစ်ပါတယ်။
သို့ပေမယ့် လက်တစ်ချောင်းနဲ့ တွဲလောင်း ရိုက်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုလေး
သာ အင်တာနက်မှာ တင်လိုက်ရမှ ကျေနပ် တယ်ဆိုတော့ ဘယ်သူမှ မတားနိုင်တော့ပါဘူး။ တားတဲ့ကြားကလည်း မရရအောင် ရိုက်တဲ့သူ
ဖြစ်ပါတယ်။
သူ စီစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
Ref: International news for myanmar