သုတသတင်း

Thursday

အင်္ဂါဂြိုလ်ပေါ်အလား အီရန်က အိမ်များ



အီရန်နိုင်ငံ အရှေ့ ပိုင်း Hormozgan ပြည်နယ် မှာရှိတဲ့ Palangan အ မည်ရ ရွာငယ်လေး ဖြစ်ပါတယ်။ ပုံစံ ဖွဲ့စည်းတည်ဆောက်မှုက ထူးခြား လှပနေတဲ့အတွက် ကမ္ဘာကျော်သွားပါတယ်။ အင်္ဂါဂြိုလ်ပေါ်က ကိုလိုနီများလို့တောင် တင်စားခေါ်ဝေါ် ပါတယ်။ ကျောက်တောင်ပေါ်မှာ ထုထွင်း ပြီး အိမ်တည်ဆောက် ထားတဲ့ ပုံစံက ကြောက်စရာ ကောင်းပေမယ့် သူဟာနဲ့ သူတော့ ခိုင်ခံ့နေ ပါတယ်။ လူဦးရေ တစ်ရာဝန်းကျင်တောင် မရှိတဲ့နေရာ ဖြစ်ပါတယ်။ အရင်က ဆိုရင် လူဦးရေ ၂၅ ဦးပဲ ရှိခဲ့တာပါ။ ယခုတော့ နေရာရဲ့  လှပမှုကြောင့် အရေအတွက်တိုးလာပါတယ်။ အိမ်ကတော့ အရင် ကတည်းက ရှိနေတဲ့ အတိုင်းပါပဲ။ အီရန်ဟာ နိုင်ငံခြားသား အဝင်အထွက်ခက် တဲ့ နိုင်ငံ ဖြစ်ပေမယ့် ရောက် တဲ့ ဧည့်သည်များကတော့ Palangan အမည်ရ ကျောက်တောင်ရွာကို သွားရောက် လေ့လာကြောင်း သိရပါတယ။်

Ref: Myanmar Online News